Main menu

ပန်းတနော်မြို့ ကောင်းမြတ်ချမ်းသာ ဆီစက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၃.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် စက်သေအုပ်စု၊ ကျောင်းဆိပ်ကျေးရွာရှိ ကောင်းမြတ်ချမ်းသာ ဆီစက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းခဲ့ကြပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ဆီစက်ပိုင်ရှင် ဦးလှစိုးအား လုပ်ငန်းရှင်တို့အား တွေ့ဆုံ၍ ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ ဆီစက်ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများ၊ စက်စွမ်းအား အသုံးပြုမှုအခြေအနေများ၊ ထုတ်လုပ်ပြီးကုန်စည်များကို ရောင်းချမှုအခြေအနေများ၊ ဈေးကွက် ဈေးနှုန်းများအကြောင်းကို မေးမြန်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ လုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းခွင်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)