Main menu

၂၀၂၂ ခုနှစ်အတွင်း၊ ကယားပြည်နယ် ကုန်သွယ်မှုအခြေအနေ

Powered by Drupal

       ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကိုအဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ(၁၄၁၃၃)အိတ်(၇၀၇)တန်၊ ပြောင်းတင်ပို့မှုမှာ(၃၄၅၁၁၁)အိတ်(၁၆၉၀၆)တန်ခန့်၊ နှမ်းတင်ပို့မှုမှာ(၁၉၂၃၄)အိတ်(၉၄၂)တန်ခန့်၊ ပဲအမျိုးမျိုးတင်ပို့မှုမှာ(၁၀၄၆၃)အိတ်(၅၁၃)တန်ခန့် တင်ပို့ခဲ့ကြောင်း၊ အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၂၆၈၀၀)အိတ် (၁၃၄၀)တန်ခန့်တင်သွင်းခဲ့ကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်ပို့မှု(၅၉၇၉၈) အိတ်(၂၉၉၀)တန်ခန့်၊ ပြောင်းတင်ပို့မှု(၁၆၃၁၈၈)အိတ်(၇၉၉၄)တန်ခန့်၊ နှမ်းတင်ပို့မှု(၄၈၃၆) အိတ်(၂၃၇)တန်ခန့်နှင့် ဆန်တင်သွင်းမှု (၄၁၈၃၀)အိတ်(၂၀၉၂)တန်ခန့် တင်ပို့/တင်သွင်းမှု လျော့နည်းလာခဲ့ကြောင်း၊ တင်ပို့/တင်သွင်းလျော့နည်းလာရခြင်းမှာ ၂၀၂၂ ခုနှစ်အတွင်း ဒေသအခြေအနေအရ တောင်သူများစိုက်ပျိုးရာသီချိန်တွင် အချိန်မှီမစိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစု ဈေးနှုန်းများကြီးမြှင့်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

DOCA(ကယား)