Main menu

သန်လျင်ခရိုင်၌ ၂၀၂၂-၂၀၂၃ ရာသီ ပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP&GHP) နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရေး စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များမှ သင်တန်းပို့ချ သန်လျင်မြို့၊ ဒီဇင်ဘာလ (  ၂၈  ) ရက်

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် သန်လျင်မြို့တွင် (၂၀၂၂-၂၀၂၃) ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက်(GAP&GHP) နည်းစနစ်အတိုင်းစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ ပို့ချသောတောင်သူပညာပေး သင်တန်းကို (၁၆.၁၂.၂၀၂၂ မှ ၁၈.၁၂.၂၀၂၂)ရက်နေ့အထိ (၃)ရက်တိုင်တိုင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

        ပထမဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ကုမ္ပဏီများကိုယ်စား New Golden Gate Company  ၊ ပြည့်ဖြိုးအောင်ကုမ္ပဏီနှင့် အောင်ကျွန်းသာကုမ္ပဏီတို့မှ တာဝန်ရှိသူများမှလည်း ယနေ့ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးကွက်အခြေအနေများအား ရှင်းလင်းပြောကြားရာတွင် တောင်သူဦးကြီးများအနေဖြင့် ပဲတီစိမ်းအရည်အသွေးမြင့်မားပြီး နိုင်ငံတစ်ကာဈေးကွက်ကိုရောင်းချတင်ပို့နိုင်ရန် ပိုးမွှားကင်းစင်ပြီး ပဲတီစိမ်းပိုးသတ် ဆေးဓာတ်ကြွင်းနည်း၍ အရည်အသွေးကောင်းမွန်နိုင်မှသာ မျှော်မှန်းထားတဲ့ဈေးနှုန်း ဈေးကွက်ကို ရရှိကြမှာဖြစ်ကြောင်း အသီးသီးပြောကြားခဲ့သည်၊၊

    ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံဒေါက်တာကိုကို၊ ရန်ကုန်တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်မြင့်မြင့်မော်နှင့် ရန်ကုန်တိုင်းမျိုးစေ့ တာဝန်ခံဒေါ်ဆွေဆွေဦးတို့မှ ရာသီပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP&GHP) နည်းစနစ် အတိုင်းစိုက်ပျိုးနိုင်စေရေးသင်တန်း ဆက်လက်ပို့ချရာတွင် တက်ရောက်လာသော တောင်သူဦးကြီး များကသိလိုသည်များကို မေးမြနးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြပါ သည်၊၊အဆိုပ်သင်တန်းများကို ၁၆.၁၂.၂၀၂၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ်ရှိကျေးရွာ(၅)ရွာမှ ပဲတီစိမ်းစိုက်တောင်သူ (၈၇)ဦး၊ ၁၇.၁၂.၂၀၂၂ ရက်နေ့တွင် သန်လျင်မြို့ရှိကျေးရွာ(၇)ရွာမှ ပဲတီစိမ်းစိုက်တောင်သူ (၉၆) ဦး နှင့် ၁၈.၁၂.၂၀၂၂ ရက်နေ့တွင် ခရမ်းမြို့နယ်ရှိ ကျေးရွာ(၇)ရွာမှ ပဲတီစိမ်းစိုက်တောင်သူ (၇၅)ဦး အသီး သီးတက်ရောက်ခဲ့ကြောင်းသိရသည်၊၊

DOCA(ရန်ကုန်)