Main menu

ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဈေးကွက်အတွင်း Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) ပုံစံတူဆေးဝါးအား တရားမဝင် တင်သွင်းရောင်းချမှုများ ရှိနေသည့်အတွက် ၂၀၂၃-ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့များတွင် ကသာမြို့ပေါ်ရှိ ဆေးအရောင်း ဆိုင်များတွင် အဆိုပါပုံစံတူတရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်ဆုံးနေသည့် ဆေးဝါးများ၊ မြန်မာနို်ငငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စံမညီဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။

      ထိုသို့စစ်ဆေးရာတွင် ကသာမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်တင်သွင်းရောင်းချနေသော Diclon-M နှင့် ပုံစံတူဆေးဝါးများ၊ စံမညီဆေးဝါးများ ရောင်းချမှု မရှိသည်ကို တွေ့ရှိရပြီး ဆေးအရောင်းဆိုင်များအား Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) သည် New Magnate Co.Ltd မှ ဆေးဝါးမှတ်ပုံတင်၍ တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသော ဆေးဝါးတစ်မျိုးဖြစ်သည့်အတွက် ၎င်းဆေးနှင့် ပုံစံတူဆေးဝါးများ/ ဆေးဝါး မှတ်ပုံတင်မပါရှိသည့် ဆေးဝါးများအား ရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)