စားသုံးသူရေးရာဦးစီးဌာန ၊စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ( ၅ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် (အ.ထ.က-၁) အထက်တန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၅ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၅၅ ) ဦး၊ စုစုပေါင်း ( ၆၀ )ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲ၌ ကျောင်းဆရာမ ဒေါ်စောသီတာက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဒေါ်သန်းသန်းဝင်းကအစားသောက်များကို ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ ဒေါ်စန္ဒာမွန် ( ဒု-ဉီးစီးမှူး ) က ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း သိကောင်းစရာများနှင့် မိမိတို့နေ့စဉ် နေထိုင်စားသောက် မှုများနှင့် စာပေသင်ကြားမှုတွင် ကျန်းမာရေးကောင်းမွန်မှသာ နေ့စဉ်ကျောင်းတက်ရောက်နိုင်မည်ဖြစ်ပြီး အနာဂတ်မျိုး ဆက်သစ်များဖြစ်သည့်အတွက် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်နိုင်မည့် သားကောင်းရတနာသမီးကောင်းရတနာလေးများဖြစ်အောင် စာပေများကို လေ့လာသင်ယူသင့်ပါကြောင်း ပြောကြားခဲ့ပြီးဟောပြောပွဲအခမ်းအနားကို ( ၁၁:၃၀ ) အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA (စစ်ကိုင်း)