Main menu

တမူးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ( ၇ ) ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်ပူးပေါင်း၍ ဆေးဝါးအရောင်းဆိုင်များတွင် DICION-M ပုံစံတူ  ဆေးဝါးများဖြစ်သည့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          တမူးမြို့ပေါ်ရှိ ဆေးဆိုင် ( ၇ ) ဆိုင်တွင် DICION-M ပုံစံတူ  ဆေးဝါးများ ရောင်းချမှုမပြုရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများအား စနစ်တကျထားသိုရောင်းချရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် ပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးကာ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။