Main menu

ကလေးမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်တရားမဝင် ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ  ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်များအနက် Very Good အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Coffee Shop ( Very Good ) အမှတ်တံဆိပ်ပါ တရားမဝင် ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးရာတွင် ယင်းအမှတ်တံဆိပ်များအား ရောင်းချခြင်း မရှိပါကြောင်းနှင့် မိမိတို့ရောင်းချသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချမှု ပြုလုပ်ကြရန် စားသုံးသူရေးရာဦးစီးဌာနမှ ပြောကြားခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ လိုင်စင်များကိုလည်း မြင်သာသည့်နေရာများတွင် ချိတ်ဆွဲထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)