Main menu

မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာများကို တုပ၍ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ထိုင်းနိုင်ငံ ပြည်တွင်းသုံးမြင်းပျံ အိတ်ခွန်များဖြင့် ပြန်လည်ထုပ်ပိုး ပြုလုပ်ထားသည့် အိုင်စီပီမြင်းပျံ မြေဩဇာများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု ရှိ/ မရှိ  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ ဇန်နဝါရီလ(၅)ရက် နေ့လယ် (၁၃:၃၀) အချိန်တွင် စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်ရှိ ဓာတ်မြေဩဇာ နှင့် စိုက်ပျိုးရေးဆေး အမျိုးမျိုးအရောင်းဆိုင်များဖြစ်သည့် တက်နေရောင်နှင့် ရွှေပြည်ကျော်၊  အိုးဘိုရပ်ကွက်ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေး အမျိုးမျိုး အရောင်းဆိုင် မျိုးသီရိဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြင်းပျံတံဆိပ်ဓာတ်မြေဩဇာမှာ မြန်မာပြည်မှ ထုတ်လုပ်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ ဝင်ရောက်ခြင်းဖြစ်ပြီး ကုန်အမှတ်တံဆိပ်ကို ထိုင်းဘာသာစာများဖြင့် ဖော်ပြထားကြောင်း မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိ၍ ရောင်းချခြင်းမပြုကြောင်း မျိုးသီရိဆိုင်ပိုင်ရှင်ထံမှ မေးမြန်းသိရှိခဲ့ပြီး စစ်ကိုင်းမြို့ပေါ်တွင် အိုင်စီပီမြင်းပျံတံဆိပ် ဓာတ်မြေဩဇာ ရောင်းချမှုမရှိကြောင်း သိရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)