Main menu

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိနိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ကလေးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ အောင်ဇေယျရပ်ကွက်အတွင်းရှိ ပဲဗယာကြော်လုပ်ငန်းရှင် ဦးမင်းနိုင်စိုးအိမ်သို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိနိုင်စေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရန်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားရာတွင်လည်း စာရွက်စာတမ်းကြေး၊ ဝန်ဆောင်ခများ၊ မည်သည့်အဖိုးအခများ ကောက်ခံခြင်းမရှိဘဲ စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်ကလည်း မိမိအနေဖြင့် ကလေးမြို့ပေါ်တွင်သာမကဘဲ၊ မုံရွာမြို့၊ မန္တလေးမြို့များသို့ပါ တင်ပြရောင်းချခြင်းပြုလုပ်နေပါသဖြင့် မိမိရောင်းချသည့် ကုန်စည်အား သက်ဆိုင်ရာဌာနများ၏ ဥပဒေများအတိုင်း ဆောင်ရွက်လိုပါကြောင်း၊ မိမိ၏ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးပါသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(စစ်ကိုင်း)