Main menu

စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး

Powered by Drupal

      ကချင်ပြည်နယ်  စားသုံးသူရေးရာဦးစီးဌာန၊    ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ   ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည်၉.၁.၂၀၂၃ရက်နေ့  နံနက် ၁၁း၀၀နာရီအချိန်တွင် လွယ်ဂျယ်မြို့၊  ကုန်သွယ်ရေးစခန်းရှိ  အစည်းအဝေးခန်းမ၌  ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာနှင့်ပတ်သက် ၍လွယ်ဂျယ်နယ်စပ်ကုန်သည်များအသင်း ဒု- ဥက္ကဌ၊ ကုန်စည်ဒိုင်ဥက္ကဌ၊ အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။  

          ထိုသို့ဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်ချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက်နေကြောင်း၊ ပို့ကုန်ယာဉ်မျှောစာထုတ်ပေးမှုအခြေအနေ၊ ကုမ္ပဏီများအား ကွင်းဆင်းစိစစ်နေမှုများအပြင် အသင်းအဖွဲ့ကုန်စည်ဒိုင်များ အသက်ဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မှုများ၊ ကုန်သွယ်မှုလမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေး၊ ပြောင်းလုပ်ငန်းရှင်များ AGCC တွင်ပါဝင်နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး အဓိကအချက်အနေဖြင့် လွယ်ဂျယ်ကုန်သည်ကြီးများအသင်းပြန်လည်ဖွဲ့စည်းပြီး အသင်းအဖွဲ့စည်းမျဉ်းများ ပြန်လည်ရေးဆွဲရေး၊ ကုန်စည်ဒိုင်များအသက်ဝင်စေရန် ပြန်လည်ဖွဲ့စည်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)