Main menu

“မိတ္ထီလာမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

        မန္တလေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ ချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်(၁၅) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များအား တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများ ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)