Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

Powered by Drupal

 

          ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၉.၁.၂၀၂၃ရက်နေ့နေ့လည် ၁၃း၀၀နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌   လယ်ဂျယ်နယ်စပ်ကုန်သည်များအသင်းနှင့် ရွှေဗန်းမော်ကုမ္ပဏီအဖွဲ့ဝင်များအား    စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊စားသုံးသူအခွင့်အရေးများဖြစ်သောစားသုံးသူများအတွက်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင်စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာသို့မဟုတ်အထောက်အထားများရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်း ရှိကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို  ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ကုစားခွင့်ရရှိခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိ ပညာဗဟုသုတများ၊ အခွင့်အရေးနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်း နှင့်ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြော ပွဲသို့ စားသုံးသူ(၃၈)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။                                       

DOCA(ကချင်)