Main menu

ပြည်သူများ ကုန်စည်၊ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှု မရှိစေရန် စားသုံးသူရေးရာ ဦးစီးဌာနမှ ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

      ချင်းပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန်(ရုံးအကူ)တို့သည် ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)နံနက် (၉း၃၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှိ/မရှိ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနက တရားမဝင်ကုန်ပစ္စည်းအဖြစ် ကြေညာထားသည့်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု ရှိ/မရှိတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့် ကုန်ပစ္စည်းများကို မှာယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာ မှာယူရောင်းချရန်နှင့် မိမိတို့သက်ဆိုင်ဌာန၏ လမ်းညွှန်ချက်များကို ပူးပေါင်းလိုက်နာဆောင်ရွက်မှသာလျှင် ရေရှည်တွင် ကုန်စည် (သို့မဟုတ် )ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အမှန်တကယ် အကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

DOCA(ချင်း)