Main menu

တရားမဝင် ကော်ဖီမစ်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မင်းပြားမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း COFFEE SHOP (Very Good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          မင်းပြားမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် မင်းပြားမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် စားသုံးသူများအားဘေးအန္တရာယ်ဖြစ်စေနိုင်သည့် COFFEE SHOP (Very Good) အမှတ်တံဆိပ် ကော်ဖီမစ်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးရာ ရောင်းချမှု မရှိကြောင်းတွေ့ရှိရပြီး ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအား  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး တရားမဝင် စားသောက်ကုန် များမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဦးစားပေး ဆိုင်တင်ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)