Main menu

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ တော်ဝင်ဆိုင်ခွဲ(၁)၊ တော်ဝင်ဆိုင်ခွဲ(၃) နှင့် ပြည်အောင်ရတနာ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီများ၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့ကို ကယားပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

DOCA(ကယား)