Main menu

ကလေးဝမြို့နယ် (အာရုံဉီးကိုယ်ပိုင်ကျောင်း ) တွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

        ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  ကလေးဝမြို့ (အာရုံဉီးကိုယ်ပိုင်ကျောင်း)သို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၇ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၁၃၅ ) ဦး၊ စုစုပေါင်း (၁၄၂ ) ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။

       ဟောပြောပွဲ၌ ( အာရုံဉီးကိုယ်ပိုင်ကျောင်း ) ကျောင်းဆရာကြီး ဉီးအောင်မြင့်သန်းမှ အဖွင့်အမှာစကားပြောကြားပြီး ကလေးဝမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးဇော်ဝင်းထွန်း ( မြို့နယ်ဉီးစီးမှူး ) မှ လူငယ်နှင့်စားပေအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ကလေးဝမြို့ လျှပ်စစ်ဉီးစီးဌာန၊ ဉီးအောင်နိုင်ဝင်း ( မြို့နယ်လျှပ်စစ်မှူး ) မှ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင်  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးဝမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဉီးကျော်ကျော်မိုးမှ  (လ/ထကြီးကြပ်ရေးမှူး )မှ  စားသုံးသူများတွင် အခွင့်အရေးများရှိကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲအခမ်းအနားကို ( ၁၁:၃၀ ) အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)