Main menu

ဘီလင်းမြို့နယ် လိပ်ခုံကြီး (အ.ထ.က)ခွဲ ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

         ဘီလင်းမြို့နယ်၊ လိပ်ခုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က)ခွဲ ကျောင်း၌ ဘီလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၀.၁.၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(ဘီလင်း) ၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန(ဘီလင်း) တို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းခဲ့ပုံသမိုင်းကြောင်းနှင့် ဌာန၏မျှော်မှန်းချက် ၊ ရည်မှန်းချက် ၊ လုပ်ငန်းတာဝန်များ ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေနေများအား ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူးဦးညီလွင်အေးမှ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူ အသုံးပြုတတ်စေရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ(၁၂)ဦး၊ ကျောင်းသား၊ကျောင်းသူ(၁၅၃)ဦးတက်ရောက်၍ ဌာနမှလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)