Main menu

စီးပွားရေးလုပ်ငန်းရှင်များ မှန်ကန်သော ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိလာစေရေး တွေ့ဆုံ ဆွေးနွေးပွဲ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုလမ်းရှိ သီရိဟံသာခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၃၀) ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ  တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး အောင်သောင်းထိုက် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

          တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဌ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူကြီးအောင်သောင်းထိုက်က အမှာစကား ပြောကြားရာတွင် ပဲခူးတိုင်း ဒေသကြီးသည် နယ်စပ် ဝင်ပေါက်/ ထွက်ပေါက်များနှင့် ထိစပ်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်များဖြင့် စပ်ဆက်လျက်ရှိသည့် အတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုအရ အချက်အချာကြသည့် ဆုံမှတ်နေရာတွင် တည်ရှိနေ ပါကြောင်း၊ မြဝတီလမ်းကြောင်းမှ သယ်ဆောင်လာသော ကုန်တင်ယာဉ်များသည် ပဲခူးတိုင်း ဒေသကြီး ကို ဖြတ်၍ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ သယ်ဆောင်ဖြန့်ဖြူးလျက်ရှိသည့်အတွက် ကုန်စည်စီးဆင်းမှုအရ အရေးကြီးပါကြောင်း၊ ၎င်းလမ်းကြောင်းများကို စနစ်တကျထိန်းချုပ်နိုင်ရေးအတွက် ကုန်တင်ယာဉ်များ စစ်ဆေးရေး လုပ်ငန်း စီမံချက်ကို ရေးဆွဲဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့မှသာ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုကို တားဆီးထိန်းချုပ်နိုင်မည် ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံရသည့်အကြောင်းမှာ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့အထူးအဖွဲ့နှင့် ပူးပေါင်း၍ တရားမဝင် တင်သွင်းလာသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊  စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပြည်သူလူထု ကျန်းမာရေးအတွက် အသုံးပြုနေသော ပဋိဇီဝဆေးဝါးများ စသည်တို့တွင် မြန်မာဘာသာဖြင့် လည်းကောင်း မြန်မာဘာသာနှင့် အခြားဘာသာတွဲ၍ ဖြစ်စေ ဖော်ပြထားခြင်း မပါရှိပါက ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ရောင်းချနေမှုများ တွေ့ရှိပါကလည်း မိမိတို့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့သို့ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းမှ ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လက်အောက်ရှိ အကောက်ခွန် ဦးစီး ဌာနများတွင်လည်း နိုင်ငံတော်မှ တရားဝင် တင်သွင်း ခွင့်ပြုထားသော ကုန်စည်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ ပို့ကုန်/ သွင်းကုန် လိုင်စင်များ၊ သွင်းကုန် ကြေငြာလွှာများ ထုတ်ပေးလျှက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လိုက်ပါ ပူးပေါင်း ဆောင်ရွက် ပေးသွားဖို့ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊   မှန်ကန်သော ဈေးနှုန်း ဈေးကွက်၊ ကျန်းမာ ရေးနှင့် ညီညွတ်သော အစားအသောက် ဆေးဝါးများကို ရောင်းချခြင်းဖြင့် "ကုသိုလ်လည်းရ ဝမ်းလည်းဝ" ဆိုသလို လူမှုစီးပွား ဘဝမြင့်တက်လာစေနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာကြသော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဝင် သက်ဆိုင်ရာဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများက စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် စီးပွားရေးကျင့်စဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ ရှေဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်လင်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များကလည်း ရှင်းလင်း ဆွေးနွေးချက်များ အပေါ် သိလိုသည့် အချက်များကို ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများက ပြန်လည်ဖြေကြားဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကာ တွေ့ဆုံ ဆွေးနွေး ပွဲကို နံနက် ၁၁: ၃၅ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်‌ရေး ဦးစီးဌာန ၊ တိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာန ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၊ တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်  စီးပွားရေး လုပ်ငန်းရှင် (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)