Main menu

မင်းလှမြို့နယ်တွင် စားသောက်ကုန်နည်းပညာပေး သင်တန်းဖွင့်လှစ်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ သံပယိုပင်စိုက် တောင်သူများအား တန်ဖိုးမြှင့်ထုတ်ကုန် ( Value Added)များ ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းပို့ချခြင်းကို ၃၀.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      သင်တန်းဖွင့်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားကာ စားသုံးသူရေးရာဦးစီးဌာန ၊ မင်းလှမြို့နယ်တာဝန်ခံမှ တက်ရောက်ခဲ့ပြီး ခရိုင်အသေးစား စက်မှုလက်မှု ဦးစီးဌာန ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ သံပယိုစိုက်တောင်သူ ၃၀ ဦးအား သံပယိုသီး အလုံးလိုက်ယို ၊ ပျားသံပရာ အဆီရည် ၊ ပျားသံပယို‌ပေါင်း ၊ သံပယိုသီး အမျှင်ပေါင်း စသည့် ယိုမျိုးစုံပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)