Main menu

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၅-၁-၂၀၂၃) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် အထက (၇) တွင်လည်းကောင်း (၆-၁-၂၀၂၃) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် အထက(၂၂) တွင်လည်းကောင်း  ၉-၁-၂၀၂၃ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တွင်လည်းကောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါဟောပြောပွဲတွင် (၅-၁-၂၀၂၃) ရက်နေ့၌ ချမ်းအေးသာစံမြို့နယ်အထက (၇) တွင် ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးတင်ချစ်ကောင်းမှ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောရာတွင် စားသုံးသူများတွင် စားသုံးသူအခွင့်အရေး(၈) ချက်ရှိကြောင်း စားသုံးသူအခွင့်အရေး (၈)ချက်အားအကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ကျောင်းသားကျောင်းသူများနားလည်လွယ်စေမည့်ဥပမာများ ဖြင့်ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမုန့်ဈေးတန်းမှ မုန့်များအချိုရည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာဝယ်ယူသုံးစွဲသင့်ကြောင့်အထူးသဖြင့် Expeir  Date  များ ကြည့်၍ဝယ်ယူစားသုံးသင့်ကြောင့်စားသုံးသူများတွင်အခွင့်အရေးရှိသလိုတာဝန်များလည်းရှိပါကြောင်းစားသုံးသူ၏တာဝန်များကိုလည်းသိရှိလိုက်နာရမည်ဖြစ်ပါကြောင်း ကျောင်းသား ကျောင်းသူများအနေဖြင့်မိဘများနှင့်ဦးဦးဒေါ်ဒေါ်များကိုလည်းတဆင့်ပြောကြားစေလိုပါကြောင်း စားသုံးသူနစ်နာ မှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းဟောပြောခဲ့ပြီး ဆရာဆရာ များနှင့်ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များဖြန့်ဝေ၍ ကျောင်းမုန့်ဈေးတန်းသို့လည်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ (၆-၁-၂၀၂၃) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် အထက (၂၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး.ဦးပြည့်ဖြိးအောင် မှအဖွင့်အမှာစကားပြောကြားခဲ့ပြီးစားသုံးသူရေးရာ ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မေသက်ထွန်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊(၉.၁.၂၀၂၃)ရက်နေ့၌ ချမ်းအေးသာစံမြို့နယ်  မူလွန်အမှတ်(၇)တွင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးတင်ချစ်ကောင်းမှ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)