Main menu

အုတ်ဖိုမြို့မှ လယ်ယာသုံးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ၊  မိုးညိုတန်းရပ်ကွက်တွင် လယ်ယာသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၉.၁.၂၀၂၃ ရက်နေ့တွင် တွေ့ဆုံ၍ လုပ်ငန်းအကြောင်း ကွင်းဆင်းလေ့လာခဲ့ပါသည်။

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ စားသုံးသူ‌ရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွန့်ဦးတီထွင် ဆောင်ရွက်နေသော လုပ်ငန်းရှင် များနှင့် ထိတွေ့ဆောင်ရွက်လျှက်ရှိပြီး ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းများဖြစ်သော အသေးစား ၊ အငယ်စား ၊ အလတ်စား ၊ စက်မှုလက်မှုလုပ်ငန်းများ၏ ကုန်စည်များ ထုတ်လုပ် ရောင်းချမှုများကို အားပေး ဆောင်ရွက်လျက်ရှိပါသည် ။

          ထုတ်လုပ်လျက်ရှိသော ထုတ်ကုန်များမှာ ယိုးဒယားကိုင်းနောက်တွဲ ၊ ထွန်စက်တုံး ၊ ထိုင်မောင်း ထွေလာ ၊ ဘေးတွဲဘော်ဒီ ၊ လှည်းကဒ်အိမ် ၊ စက်တွဲထယ် ၊ စက်တွဲ ဒလိမ့်တုံး ၊ မြက်စဉ် ၊ နောက်တွဲ ဒူးဇစ် တို့ဖြစ်ပြီး ပစ္စည်းထုတ်လုပ်နိုင်မှု အမျိုးအစားပေါ်မူတည်၍ အကျိုးအမြတ်ရရှိမှု ကွာခြားကြောင်း သိရှိရပါသည်။ ကုန်ကြမ်းများကို အုတ်ဖိုမြို့နယ်နှင့် ရန်ကုန်မြို့ရှိ စတီးနှင့် သံထည်ပစ္စည်း အရောင်း ဆိုင်များမှ ဝယ်ယူရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)