Main menu

ဇလွန်မြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တာဝန်ခံသည် (၆.၁.၂၀၂၃) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင်  တတောင်ကွေ့ကျေးရွာ၊ အ.မ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းတို့ကို ရှင်းလင်း ဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းကိုလည်း ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေး ကော်မတီများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ကျောင်းဈေးသည်များအနေဖြင့်လည်း ကျောင်းမုန့် ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများ၊ အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိစေရေး၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုမပြုရန် စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)