Main menu

မကွေးမြို့၌ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၆.၁.၂၀၂၃)ရက်နေ့ (၁၄:၀၀)နာရီတွင် မကွေးမြို့ပေါ်ရှိ ဆေးဝါး နှင့်ဆေးပစ္စည်းအရောင်းဆိုင် (၁၇)ဆိုင်အား တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       စျေးကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စည်းများ၊ သုံးစွဲရန်မသင့် တားမြစ်ထားသောပစ္စည်းများနှင့် သက်တမ်းလွန်ပစ္စည်းများ ဆိုင်တင် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)