Main menu

ပန်းတနော်မြို့ မြို့မဈေးတွင် ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၁၀.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိ/မရှိကို မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်း၍ စစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွှမ်းမိုးနှင့် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့သည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံ ရောင်းချသူဆိုင်(၁၂)ဆိုင်မှ ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်း အကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ဖော်ပြပါရှိသည့်အချက်များ ပါဝင်သော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)