Main menu

အိမ်ရာကြီး ကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်(၁၂.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ အိမ်ရာကြီးကျေးရွာရှိ ပြည်သူ (၈၁) ဦးအား စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ ပြည်သူအသိပညာပေး ကွင်းဆင်း၍ ဟောပြောခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာပါရှိစေရေးအကြောင်းနှင့် ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းအကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့နှင့် အခွင့်အရေးကိုသိရှိပါကလည်း တာဝန်များကို လိုက်နာရမည့် အကြောင်းအရင်းများ၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၁၊ ၁၂၊ ၁၃၊ ၁၄) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အကြောင်းကို ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြကြောင်း အိမ်ရာ ကြီးကျေးရွာမှ ပြည်သူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့သည်ကို အပြန်အလှန် ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)