Main menu

ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၁-၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များအတွင်းရှိ ဆေးဆိုင်များအား စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက New Magnate Co.,Ltdမှဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet(Diclofenac Sodium 50mg, Paracetamol 500 g)ကို ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် အဆိုပါ Diclon-M ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင် တင်သွင်းပြီးစျေးကွက်ထဲတွင် ရောင်းချလျက်ရှိနေကြောင်း တွေ့ရှိရသဖြင့် တားမြစ်ပေးပါရန်တင်ပြလာမှုအရ မိမိတို့အဖွဲ့အနေဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ၊ ဆေးဆိုင်များအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသော အိမ်သုံးဆေးဝါးများကိုသာ ရောင်းချရန်လိုကြောင်း ပြောကြားခဲ့ပြီး ဆေးဝါးအရောင်းဆိုင်များ၌ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M ပုံစံတူဆေးဝါးများ ရောင်းချနေမှုရှိ/မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)