Main menu

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်နှင့် ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်တွင် ၁၀.၁.၂၀၂၃ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ငါန်းဇွန်မြို့ ပေါ်ရှိ ဆေးဝါးရောင်းချသောဆေးဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များမှ တာဝန်ရှိသူများအား Diclon-M Tablet(Diclfenac Sodium 500mg, Paracetamol 500g) ဆေးဝါးမှာ New Magnate Co; ltd မှ ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆေးဝါး တစ်မျိုးဖြစ်ပါကြောင်းနှင့် အဆိုပါ Diclon-M ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိပဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်အတွင်း ရောင်းချမှုများရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုများမပြုရန် အသိပေးရှင်းလင်းခဲ့ပြီး၊ အဆိုပါဆေးများ ရောင်းချမှုရှိမရှိ ဆေးဆိုင်များအား လှည့်လည်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သွားရောက်ပြီး ဈေးကွက်အတွင်းတွင်‌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်း သုံး မြင်းပျံတံဆိပ်အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာ အတုများ ပြုလုပ်ရောင်းချနေမှု ရှိမရှိအားကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လုပ်ငန်းရှင်များအား စာသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ် များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)