Main menu

သထုံမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးသည် ၁၂.၁.၂၀၂၃ ရက်နေ့တွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား Online မှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှဌေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက ဌာန၏ အသစ်ထပ်မံပြောင်းလဲခဲ့သည့် ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေအား ပထမဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့်အခါ အဓိကထားပြီး စစ်ဆေးသည့် ထုတ်ကုန်များ၊ စီမံခန့်ခွဲမှုအရ အရေးယူခြင်းအခြေအနေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနအနေဖြင့် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)