Main menu

မောင်းတောမြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ထွန်းမြ   (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့၊ နေ့လယ် (၃:၀၀) နာရီ အချိန်တွင် မောင်တောမြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ DICION-M ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ၎င်း DICION-M Tablet (Diciofenac Sodium 50mg, Paracetamol 500mg) သည်     New Magnate Co.,Ltd မှ ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးဖြစ်ပြီး ဈေးကွက်အတွင်း ပုံစံတူ ဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်ထဲတွင် ရောင်းချနေကြောင်း သိရှိရသည့်အတွက် သုံးစွဲသူမိဘပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရည်ရွယ်၍ သွားရောက်စစ်ဆေးရခြင်း ဖြစ်ပါသည်။

    ဈေးကွက်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား မှတ်ပုံတင်မဲ့ဆေးဝါးများ၊ သက်ဆိုင်ရာ ဌာနများမှ တားမြစ်ထားသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)