Main menu

မင်းစုရပ်ကွက်နှင့်ဈေးပိုင်းရပ်ကွက်ရှိဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်နှင့် မင်းစုရပ်ကွက်ရှိ ဆေးဆိုင်များ၌ Diclon-M Tablet (Diclofenac Sodium 50mg, Paraceta mol 500g) နှင့် ပုံစံတူဆေးဝါးများ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချခြင်းရှိ/မရှိ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များမှ အများဆုံးတင်သွင်း ရောင်းချလျက်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော Diclon-M Tablet ဆေးဝါးများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများသာ တင်သွင်းရောင်းချဖြန့်ဖြူးကြရန်၊ မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို တရားမဝင်တင်သွင်းရောင်းချခြင်း မပြုကြရန်နှင့် ပုံစံတူဆေးဝါးများ  ဈေးကွက်အတွင်း တွေ့ရှိပါက သက်ဆိုင်ရာဌာန၏ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆေးဆိုင်(၅)ဆိုင်အား ကွင်းဆင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)