Main menu

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တောင်ငူမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးပြခန်း ဖွင့်လှစ်ပြသ

Powered by Drupal

          တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို တောင်ငူမြို့ မိုင်ဒါကွင်း၌ ဇန်နဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းကို ဖွင့်လှစ်ပြသခဲ့ပါသည်။

        ပြခန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများသိသင့်သိထိုက်သည့် အသိ ပညာပေးဗွီနိုင်းများ ချိတ်ဆွဲပြသခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း မှတ်တမ်း ဓါတ်ပုံများပြသခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့် စားသုံးသူတိုင်ကြားမှုပုံစံများကို ကပ်ထား၍ ပြသခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

           ပြခန်းကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပြခန်းသို့ တောင်ငူတပ်နယ်မှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စားသူ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပါသည်။ လွတ်လပ်ရေးနေ့ ပြခန်းများကို ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းအထိ ဖွင့်လှစ်ပြသခဲ့ပါသည်။

          ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တောင်ငူခရိုင်ပြပွဲကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင် တက္ကသိုလ်များနှင့် ဌာနဆိုင်ရာများမှ ပြခန်း (၂၁)ခန်း ဖွင့်လှစ်ပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)