Main menu

ငါးခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး    (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဂွမြို့၊ ကင်းရုံရပ်ကွက်၊ ကမ်းနားလမ်းရှိ ငါးခြောက်များ ပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင် ဒေါ်နီနီမော်နှင့်တွေ့ဆုံဆွေးနွေးပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်မရောက်မီ ကုန်စည်များနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်လျှက်ရှိသည့် အခြေအနေများ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း ဆွေးနွေးပြောကြား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)