Main menu

COFFEE SHOP (very good)တံဆိပ် ကော်ဖီမစ်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်ရှိ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်များသို့ COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက် ကားခြင်းရှိ/မရှိ စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့ပေါ်ရှိ ကုန်ပစ္စည်းမျိုးစုံအရောင်း ဆိုင်များတွင် COFFEE SHOP (very good)တံဆိပ် ကော်ဖီမစ်များ တင်သွင်းရောင်းချဖြန့်ဖြူး မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့အန္တရာယ်ဖြစ်စေသည့်စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက် ကားခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ် အသားသတ်မှတ်ချက်နှင့်ပြည့်စုံပြီး တရားဝင်မှတ်ပုံတင်ထားသော ကော်ဖီဖစ်များကိုသာတင်သွင်း ရောင်းချဖြန့်ဖြူးကြရန်၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ကော်ဖီမစ်များ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာန၏ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကုန် ပစ္စည်းမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းအသိပေးဆောင် ရွက်ခဲ့မှုအားသတင်းရရှိပါသည်။

DOCA(ကယား)