Main menu

စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၇.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်းရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအနေဖြင့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီဘောက်ဆာကားများအချိန်မှီရောက်ရှိစေရေး နှင့် ကြန်ကြာမှုမရှိစေရေး ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ စက်သုံးဆီ ရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေး များအတိုင်းရောင်းချရန်၊ ရည်ညွှန်း ဈေးထက်  ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ရောင်းချနေသော ကုန်စည်များ အလေး၊ အချိန်အတွယ် ပြည့်ဝစွာ ရောင်းချကြရန် ဆီဆိုင်လုပ်ငန်းရှင် များသိရှိ လိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

         အလားတူပင် မအူပင်ခရိုင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်လည်း ၁၆၊၁၊၂၀၂၃ ရက်နေ့တွင် ပန်းတနော် မြို့တွင်းနှင့် မြို့ပြင်ကားလမ်းဘေးရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်း၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချရန် စက်သုံးဆီရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)