Main menu

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်၊ ခရိုင် များရှိ ဝန်ထမ်းများအနေဖြင့် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ပြီး လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မိတ်ဖက်ဌာနများနှင့် ပေါင်းစပ်ပြီး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ကို ၁၈-၁-၂၀၂၃ မှ   ၁၉-၁-၂၀၂၃ ရက်နေ့ထိ နံနက် ၀၉:၀၀ နာရီအချိန်မှစ၍ ညနေ ၁၅:၅၀ နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ သင်းတန်းဖွင့်လှစ်ပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။  အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများဖြစ်သော မိတ်ဖက်ဌာနဆိုင်ရာများက သင်တန်းသားများနှင့် ရင်းနှီးစွာ မိတ်ဆက်စကား ပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

       သင်တန်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကရင်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်သောသီးနှံများအကြောင်း၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများအကြောင်း၊ မြေဩဇာဥပဒေအကြောင်း၊ မျိုးစေ့ဥပဒေအကြောင်းနှင့် ပိုးသတ်ဆေးအကြောင်းကို ပို့ချဆွေးနွေးခဲ့ပြီး ပြည်နယ်စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနက ဌာန၏ဥပဒေအကြောင်းနှင့်  ဌာနတွင်လုပ်ကိုင်နေရသောလုပ်ငန်း အကြောင်းကို အသေးစိတ်ရှင်းလင်းပို့ချဆွေးနွေးခဲ့ပြီး၊ ပြည်နယ်အသေးစားနှင့်အလတ်စားစက်မှုလက်မှုဦးစီးဌာနက ဌာနတွင် အသေးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်း၊ အကြီးစားလုပ်ငန်း နှင့်ပတ်သက်၍ လုပ်ငန်းမှတ်ပုံတင်၊ လုပ်ငန်းလိုင်စဉ်လုပ်ပေးခြင်းအကြောင်းနှင့် ဌာန၏ လုပ်ငန်းအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအကြောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်အကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနက ဌာန၏လုပ်ငန်းအကြောင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်းနှင့် ဌာန၏ လုပ်ငန်းအကြောင်းကို အသေးရှင်းလင်းဆွေးနွေးပို့ချဆွေးခဲ့ပြီး၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန)က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်းနှင့် ဌာန၏ လုပ်ငန်းအကြောင်းကို အသေးရှင်းလင်းဆွေးနွေးပို့ချဆွေးခဲ့ပြီး၊   ဌာနအလိုက် သင်ခန်းစာများကို (၂) ရက်တာ ပို့ချခဲ့ပြီး သင်တန်းသားဦးရေ(၁၆)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းဂုဏ်ပြုလွှာများ ပေးအပ်ကြောင်း သိရှိရပါသည်။

DOCA(ကရင်)