Main menu

 မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၊ မကွေးမြို့နယ် တာဝန်ခံတို့သည် စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ နေ့စဉ် စိစစ်ကြပ်မတ်လျက်ရှိပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး) ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် (၁၄.၁.၂၀၂၃)ရက်နေ့ (၁၅း၀၀) နာရီတွင် မကွေးမြို့၊ သစ်ရာကောက်ကျေးရွာရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပေးသော စက်သုံးဆီ လက်ကား ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မကွေး မြို့နယ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်ရှိပြီး ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျှက်ရှိပါသည်။

          (၁၄.၁.၂၀၂၃)ရက်နေ့တွင် သစ်ရာကောက်ကျေးရွာရှိ ကံပွင့်၊ ဇာမဏီနှင့် ရွှေတော်ဝင် စက်သုံးဆီဆိုင်များမှ ရောင်းချနေသော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၄၅၅)၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာ ကျပ်(၂၅၃၅)၊ 92 (၁)လီတာ ကျပ်(၂၁၈၅)နှင့် 95 (၁)လီတာ ကျပ်(၂၅၃၅) တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)