Main menu

မုဒုံမြို့ မူလွန်ကျောင်း (ကော့ခလွယ်)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

      ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁:၀၀ နာရီအချိန်တွင် မုဒုံမြို့ အခြေခံပညာ အမက(မူလွန်)ကော့ခလွယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စားသုံးသူရေးရာဦးစီးဌာနနှင့်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    အဆိုပါဟောပြောပွဲ၌မုဒုံမြို့၊ အမက(မူလွန်)ကော့ခလွယ်ကျောင်း ကျောင်းအုပ်ဆရာမကြီးမှ  အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဒေါ်ခင်ကြည် ဒု-ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက် မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူ များနစ်နာမှုဆုံးရှုံးမှုရှိလျင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့်နေရာနှင့်လိပ်စာများ (ရုံးတည်နေရာ၊ ရုံးဖုန်းနံပါတ်၊ webiste www.doca.gov.mmနှင့် Doca Call Centre 1535)ကိုလည်းကောင်း ပြန်လည်ကုစားနိုင်သည့်အခွင့်အရေးများ ရယူနိုင်မည်ဖြစ်ကြောင်းတို့အားဟောပြောခဲ့သည်။ ထို့နောက် ပြည်နယ်အစားအေသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ပန်းရိပ်အောင်မှ စားသုံးရန်မသင့် ဘေးအန္တရာယ်ဖြစ်စေသည့်ဆိုးဆေးများ အကြောင်းရှင်းလင်း ဟောပြောခဲ့ သည်။ ထိုနောက် တက်ရောက်သူများက သိလိုသည်များ မေးမြန်းခြင်းအား ပြန်လည်ဖြေကြား၍ ကျောင်းအုပ်ဆရာမထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်ပေးအပ်ခဲ့သည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း၃၅၇ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)