၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မုဒုံမြို့ အခြေခံပညာ အထက်တန်းကျောင်း(ညောင်ကုန်း)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောဆွေးနွေးပွဲ၌ မုဒုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ကုန်း)ကျောင်းအုပ်ဆရာမကြီးမှအဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ခင်ကြည် ဒု-ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူများနစ်နာမှုဆုံးရှုံးမှုရှိလျင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့်နေရာနှင့် လိပ်စာများ (ရုံးတည်နေရာ၊ ရုံးဖုန်းနံပါတ်၊ webiste www.doca.gov.mmနှင့် Doca Call Centre 1535)ကိုလည်းကောင်း ပြန်လည်ကုစားနိုင်သည့်အခွင့်အရေးများရယူနိုင်မည်ဖြစ်ကြောင်းကိုလည်းကောင်းဟောပြောခဲ့သည်။ ပြီးနောက်ပြည်နယ်အစားအေသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပန်းရိပ်အောင်မှ စားသုံးရန်မသင့် ဘေးအန္တရာယ်ဖြစ်စေသည့်ဆိုးဆေးများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ထိုနောက် တက်ရောက်သူများက သိလိုသည်များ မေးမြန်းခြင်းအား ပြန်လည်ဖြေကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံဦးစည်သူက ကျောင်းအုပ်ဆရာမထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်ပေးအပ်ခဲ့သည်။ ဟောပြောပွဲသို့ တက်ရောက် သူ ဆရာ/ဆရာမ၊ ကျောင်းသား /သူ စုစုပေါင်း၂၁၅ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)