Main menu

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်

Powered by Drupal

     မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၈.၁.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ် နိုင်းပလှိုင်း‌ကျေးရွာ တို့တွင်လည်းကောင်း ၁၈.၁.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ဂွေးကုန်းကျေးရွာလည်းကောင်း၊ ၁၈.၁.၂၀၂၃ ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကော့မုပွန်(ဘီးလူးကျွန်း)တို့တွင်လည်းကောင်း၊ ကုမ္ပဏီမှဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှလက်ကားကုန်သည် များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကား ဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး ၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေး တို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)