(၁၇.၁.၂၀၂၃)ရက်နေ့နံနက်(၈)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိပြည်နယ်ခန်းမ၌ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပြုလုပ်ခဲ့ရာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချူပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ထို့နောက် Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ်ကျောင်းအုပ် ဆရာမကြီးမှ ဦးဆောင်ဆွေးနွေးပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ခေတ္တ) ပြည်နယ်ဦးစီး မှူး မှ စက်မှုနှင့် MSMEကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး မှ MSME ဖွံဖြိုး တိုးတက်ရေးအတွက် ဌာနကဆောင်ရွက်ပေး လျက်ရှိ သော လုပ်ငန်းများအကြောင်းကိုလည်းကောင်း ၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က မြေယာရရှိရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရင်းနှီးမြှပ်နှံမှု ကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီးမှ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ဈေးကွက်ရရှိရေးကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးမှ အခွန်ကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်ပြည်နယ်မန်နေဂျာ မှ ဘဏ်လုပ်ငန်း များကဏ္ဍကိုလည်းကောင်း၊ နည်းပညာ တက္ကသိုလ် (မော်လမြိုင်) ဒုတိယပါမောက္ခချုပ် မှ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍအား လည်းကောင်း၊ မော်လမြိုင်စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌမှ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု အကြောင်းနှင့် မွန်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဌ နှင့် အတွင်းရေးမှူးမှ ရပ်ကွက်ကျေးရွာအဆင့် စက်မှုရပ်ကွက်နှင့်မွေးမြူရေး ဇုန်များဖွံ့ဖြိုးတိုးတက်ရေး အကြောင်းကို ပါဝင်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မွန်)