Main menu

ပြည်ခရိုင်တွင် MSMEs Talk Show စကားဝိုင်း ၊  ဒေသထုတ်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းကို (၁၆.၁.၂၀၂၃)နေ့ နံနက် (၉)နာရီအချိန်တွင် ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့အတူ ဒေသထုတ်ကုန် ကုန်စည်ပြပွဲအား ပြည်မြို့ယဉ်ကျေးမှုပြဇာတ်ရုံ၌ (၁၅.၁.၂၀၂၃) နေ့မှ (၁၇.၁.၂၀၂၃) နေ့အထိ (၃)ရက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းကို စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၄၀)ဦး တက်ရောက် ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တက်ရောက် အမှာစကားပြောကြားပြီး ပြသထားသော အရည်အသွေးမြှင့် ကုန်ထုတ်ပိုးမှု (packaging) စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာန ဆိုင်ရာများ ဖြစ်ကြသော အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာစီးပွားရေးဘဏ် ပဲခူးတိုင်းဒေသကြီး မန်နေဂျာ စသည့်တာဝန်ရှိသူများနှင့် လုပ်ငန်းရှင် (၃)ဦးတို့မှ ဒေသတွင်း MSMEs ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ပါဝင်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

     ထို့အတူ ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားကို ပြည်ခရိုင်၊ ပြည်မြို့ရှိ ယဉ်ကျေးမှု ပြဇာတ်ရုံတွင် (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ သာယာဝတီခရိုင်မှ (၆)မြို့နယ်၊ နတ်တလင်းခရိုင်မှ (၄)မြို့နယ်၊ ပြည်ခရိုင်မှ (၄)မြို့နယ် စုစုပေါင်း (၁၄)မြို့နယ်မှ လုပ်ငန်းရှင် (၃၅)ဦး၊ ဒေသထုတ်ကုန် (၃၅)မျိုးတွင် ပြခန်း(၃၅)ခန်းဖြင့် ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။ ထိုကုန်စည်ပြပွဲ နှင့်ဈေးရောင်းပွဲတော်သို့ ပြည်မြို့နယ်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား / ကျောင်းသူများ လာရောက်ကြည့်ရှု ဝယ်ယူကြပါသည်။ လာရောက်လာကြသူများကို တေးဂီတများဖြင့် ပြန်လည်ဖျော်ဖြေတင်ဆက်ကြောင်း သိရှိရပါသည်။

    ထိုသို့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန် ကုန်စည်ပြပွဲများပြခန်းများ ကျင်းပဆောင်ရွက်ပေးခြင်းကြောင့် ထုတ်ကုန်များ၏ဈေးကွက် ပိုမိုရရှိလာနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်း၌ထုတ်လုပ်သည့် လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည်လုပ်ငန်းများက ဦးစားပေးဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု့များ၊ အကြီးစားစက်မှုလုပ်ငန်းများနှင့် ပြည်တွင်းရှိ MSMEs နှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်တွင်းရှိကုန်ကြမ်းများ အသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပဝင်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)