Main menu

ကျောင်းမုန့်ဈေးတန်းများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်သားပြည်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များအားဈေးကွက်အတွင်း ရောင်းချခြင်းမပြုစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၇.၁.၂၀၂၃) ရက်နေ့နှင့် (၁၈.၁.၂၀၂၃) ရက်နေ့တို့တွင် မော်လမြိုင်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများနှင့်အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ အခြေခံပညာအထက်တန်း ကျောင်းများဖြစ်သော အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၈)နှင့် အ.ထ.က(၉)ကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါကျောင်းများတွင် ရောင်းချလျက်ရှိသောဈေးဆိုင်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပါဝင်မှုမရှိသော မုန့်များရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်း၊ FDA မှစားသုံးရန်မသင့်ဟု ထုတ်ပြန်ကြေညာထားသော အစားအသောက်များရောင်းချနေခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ဆိုးဆေးအလွန် အကျွံအသုံးပြုထားသော အစားအသောက်များ ရောင်းချခြင်းမပြုစေရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်များကိုလည်း သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသော အစားအသောက်များကိုသာ ရွေးချယ်ရောင်းချပါရန် အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)