Main menu

စစ်ကိုင်းမြို့၌ COFFEE SHOPတံဆိပ်ပါကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ရောင်းချမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      COFFEE SHOP (very good) တံဆိပ်ပါကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ /မရှိ စစ်ဆေးသွားရန် ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ စတိုင်းဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     နေလစတိုး၊ မြို့မစတိုး၊ ကုဋေမြိုင်စတိုးနှင့် မချို+မမော်မုန့်မျိုးစုံဆိုင်တို့တွင် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားဝင်ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စတိုးဆိုင်ပိုင်ရှင်နှင့် မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)