Main menu

မကွေးမြို့နယ် ၊ ကျေးရွာများရှိ စာသင်ကျောင်းများသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)တို့သည်  (၁၉.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီ တွင် မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့လည်းကောင်း၊ (၂၀.၁.၂၀၂၃) ရက်နေ့ (၁၃:၀၀)နာရီတွင် ပဌနဂိုရ်အုပ်စု၊ အင်ဦးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့  ကွင်းဆင်းသွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာ ပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ရှေးဦးစွာ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)မှ စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ ပါစားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူများလိုက်နာရမည့်တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူများက တောင်းဆိုနိုင်သည့်အခွင့်အရေးများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး၊ စားသုံးသူများနစ်နာမှုများဖြစ်ပေါ်လာပါက  မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဖွင့်လှစ် ထားသော Consumer Information & Complaint Center (CICC) သို့လည်းကောင်း MPT, Mytel, Telenor Oredoo sim Card များဖြင့် Call Center N0-1535 သို့ အလွယ်တကူခေါ်ဆို တိုင်ကြားနိုင်ပုံ၊ ဌာန၏ Website www.doca.gov.mm  သို့လည်းကောင်း Facebook pace တွင်  Myanmar DOCA သို့ ဝင်ရောက်တိုင်ကြားနိုင်ပုံများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပဌနဂိုရ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးနှင့် အင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂၈)ဦး စုစုပေါင်း(၂၉၈)ဦး တက်ရောက်ခဲ့ပြီး ဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)