Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်‌ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၅.၁.၂၀၂၃ရက်နေ့ နံနက်၁၁:၀၀နာရီအချိန်တွင် မြစ်ကြီးနားခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          Talk  Show   ပြုလုပ်ရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ စားသုံးသူကာကွယ်ရေးဥပဒေ  ပေါ်ပေါက်လာပုံ၊စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖော်ပြချက်နှင့်ရည်ရွယ်ချက်များ၊  စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်ဆောင်ရွက်ချက်များ၊စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်မှု၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်တိုင်ကြားရမည့်နည်းလမ်းများနှင့်ဖြေရှင်ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကိုအသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ကချင်)