Main menu

စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စက်ဆီ/ချောဆီအရောင်းဆိုင်များ တွင် စက်ဆီ၊ ချောဆီ တင်သွင်း၊ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း အတုအပတရားမဝင်ရောင်းချခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့အတွင်း စက်ဆီ၊ ချောဆီအရောင်းဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့ စက်ဆီ၊ချောဆီအရောင်းဆိုင်များတွင် အတုအပ များပြုလုပ်၍ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြန်လည်ပြုပြင်ပြီး သုံးစွဲရန်မသင့်သော အရည် အသွေး ညံ့သည့် စက်ဆီ၊ ချောဆီများကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြုလုပ်ရောင်းချခြင်း၊ စားသုံး သူကာ ကွယ်ရေး(၂၀၁၉) ဥပဒေအရ ကုန်အညွှန်းအမှတ်မသား ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/မရှိ ကို စစ်ဆေး ခဲ့ကြရာ ညောင်တုန်းမြို့အတွင်းတွင် တရားမဝင်စက်ဆီ၊ချောဆီများ ရောင်းချခြင်းကို မတွေ့ရှိရဘဲ ဆိုင်ရှင်များအား တရားမဝင်စက်ဆီ၊ ချောဆီများနှင့် ဆင်တူယိုးမှား အတုအပများ၊ ပြန်လည်ပြုပြင်၍ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ကြပါရန် ပညာပေးခဲ့ကြပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)