Main menu

မအူပင်မြို့နယ် ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် မအူပင်မြို့ပေ်ရှိ ဆေးမျိုးစုံရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၅)ဆိုင်မှ ရောင်းချနေသောဆေးဝါးများသည် တရားမဝင်ဆေးဝါများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်တူရိုးမားဆေးဝါးအတုအပများ ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြပါရှိသော ဆေးဝါးများကိုသာ ရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက် စည်းကမ်းများနှင့် မကိုက်ညီသော ကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဌာနတို့၏ ပြစ်မှု၊ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)