Main menu

စက်ဆီ/ချောဆီ နှင့် စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်၊  ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်အတူ (၂၄.၁.၂၀၂၃) ရက်နေ့ (၀၉:၃၀) နာရီ အချိန် ခန့်က စက်ဆီ/ချောဆီအရောင်းဆိုင်(၄)ဆိုင်တွင် စက်ဆီ၊ ချောဆီ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း အတုအပတရားမဝင်ရောင်းချခြင်း၊ ကုန်အညွှန်း အမှတ်အသားပြည်စုံခြင်း ရှိ/မရှိနှင့် စက်သုံးဆီ ဒီဇယ်/ဓါတ်ဆီအရောင်းဆိုင်များ တွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့ စက်ဆီ၊ချောဆီအရောင်းဆိုင်များတွင် အတုအပ များပြုလုပ်၍ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြန်လည်ပြုပြင်ပြီး သုံးစွဲရန်မသင့်သော အရည် အသွေးညံ့ သည့် စက်ဆီ၊ ချောဆီများကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြုလုပ်ရောင်းချခြင်း၊ စားသုံးသူကာကွယ် ရေး(၂၀၁၉) ဥပဒေအရ ကုန်အညွှန်းအမှတ်မသား ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ ဓနုဖြူမြို့ဓါတ်ဆီဆိုင်များလည်း ဆီပြတ်လပ်မှုမရှိ စေရေးအတွက် ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီ ဘောက်ဆာကားများအချိန်မီရောက်ရှိစေရေး နှင့် ကြန်ကြာမှုမရှိစေရေး ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ စက်သုံးဆီ ရောင်းချသည့်လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချရန်၊ ရည်ညွှန်း ဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊နှင့်မိမိတို့ရောင်းချနေသော ကုန်စည်များအလေး၊ အချိန်အတွယ် ပြည်ဝစွာရောင်းချ ကြ ရန် ပညာပေးဆွေးနွေး စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)