Main menu

စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ပန်းတနော်မြို့နယ်ရှိ စက်ဆီ/ချောဆီအရောင်းဆိုင်များတွင် စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ရေနံထွက် ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း အတုအပ၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည်စုံ စွာပါဝင်ခြင်း ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ပေါ်အတွင်း စက်ဆီ၊ချောဆီ အတုအပများပြုလုပ်၍ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြန်လည်ပြုပြင်ပြီး သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည့် စက်ဆီ၊ ချောဆီများကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြုလုပ်ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်မသား ပြည်စုံစွာဖော်ပြခြင်းမရှိသောကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန် ဆွေးနွေးရှင်းလင်းပြီး ပန်းတနော်မြို့အတွင်းတွင် တရားမဝင်စက်ဆီ၊ချောဆီများ ရောင်းချခြင်းကို မတွေ့ရှိရဘဲ စက်ဆီ၊ချောဆီ ရောင်းချသော လုပ်ငန်းရှင်များအား တရားမဝင်စက်ဆီ၊ ချောဆီများနှင့် ဆင်တူယိုးမှား အတုအပများကို ရောင်းချခြင်းမပြုလုပ်ကြပါရန် အသိပညာပေး စိစစ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)