Main menu

(၁၀)ကြိမ်မြောက် Thursday Talk အခမ်းအနားကျင်းပခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Thursday Talk (ကြာသပတေးနေ့စကားဝိုင်း) အခမ်းအနားအား (၈.၉.၂၀၂၂)ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ (၂၆.၁.၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီတွင် (၁၀)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

          ယခုကျင်းပသည့် (၁၀)ကြိမ်မြောက် Thursday Talk (ကြာသပတေးနေ့စကားဝိုင်း) အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဖြူမှ ကြီးမှူးကျင်းပ၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဌာနခွဲကိုယ်စားအနေဖြင့် ဒေါ်ဇင်မာစိုး၊ ဒုတိယဦးစီးမှူး က “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကုန်ဈေးနှုန်းစာရင်းများ ကောက်ခံနေမှု အခြေအနေ” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ရာ လုပ်ငန်း၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဈေးနှုန်း သတင်းအချက်အလက်သိရှိရခြင်း၏ အကျိုးကျေးဇူးများ၊ ဈေးနှုန်းကောက်ခံသည့် အချိန်၊ နေ့ရက်၊ နည်းစနစ်များ၊ ဈေးနှုန်းကောက်ခံသည့် အမျိုးအစားနှင့်နေရာများ၊ ထုတ်ကုန်ဈေးနှုန်း တက်/ကျရခြင်း၏ အကြောင်းအရင်းများ၊ ဈေးနှုန်းမြှင့်တက်မှုကို သက်သာစေနိုင်သည့် နည်းလမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ နေ့စဉ်/ အပတ်စဉ်/ လစဉ် ကုန်ဈေးနှုန်း/ ကုန်စည်ဝင်ရောက်မှုများအား အထက်ဌာနများသို့ တင်ပြမှုအခြေအနေများ၊ Commodity Price Database Software User Guide အသုံးပြုပုံနည်းစနစ်အဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများမှ သိရှိလိုသည်များ မေးမြန်းကြ၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဖြူမှလည်း ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ဝန်ထမ်းများဗဟုသုတတိုးပွားစေရန် သိသင့်သိထိုက် သော အချက်အလက်များအား အသေးစိတ်ထပ်မံရှင်းလင်းပြောကြားပေးခဲ့ပြီး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည့် ဒေါ်ဇင်မာစိုး၊ ဒုတိယဦးစီးမှူးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့၍ အခမ်းအနားအား (၁၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပြီး အဆိုပါ အခမ်းအနားတွင် အရာထမ်း/ အမှုထမ်း (၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)